Pages

Tuesday, February 23, 2010

ကိုယ့်လူနဲ့ကိုယ်နဲ့တော့အခက်

ခုန်ပေါက်ပြေးလွှားမနားမနေ ။ အရေရောအဖတ်ပါရပါတယ်ဆိုပြီး
ဆွဲဆုတ်လိုက်တော့လည်း တွန့်ကြေသွားတာပဲ
ဖြတ်ချလိုက်တော့လည်း မျက်စိသူငယ်နားသူငယ်
ဟိုမှာ သူအကွက်ရွှေ့လိုက်ပုံက
သူဇယားခင်းလိုက်ပုံက
တစ်ကောင်ထိုးကြွေးပြီး တစ်ဝိုင်းလုံးကိုကြိတ်ဝါးနေတာ
အထစ်။ ထစ်အ။ လာရှင်းပြမနေနဲ့။ လက်ညှိုးတွေဟိုထိုးဒီထိုး။
သွေးရိုးလား။ သားရိုးလား။ ရိုးသားကြိုစားလား။
အကြွင်းအကျန်တွေ ဟိုပစ်ဒီပစ်။
စာရိတ္တမောင်ဆိုပြီး ၀ယ်ဝယ်စားနေတာ
အကာအကွယ်နဲ့လား။ အသားချင်းထိမှ မီးပွင့်တာလား
ဘယ်ရနံ့ကို ကြိုက်နှစ်သက်ပါသလဲ
မေးခွန်းကို မြွေတစ်ကောင်လိုလျှောထွက်သွားပုံက
ဒီညလည်း အကြောပေါင်းတစ်ထောင်
မသိအောင်ဖွင့်ပြမယ်ဆိုတဲ့အထာနဲ့
ကိုယ့်လူတော့ခက်ပြီ။ အလကားနေအလကား
အချင်းချင်းလည်း အထာမထား။
ကိုယ့်လူတော့ခက်ပြီ။ အလကားနေအလကား
သော့တွဲကြီးတကားကား။
ကိုယ့်လူတော့ခက်ပြီ။ အလကားနေအလကား
ရင်တုန် ပန်းတုန် တစ်ကိုယ်လုံး တုန်ရီပြနေတော့
ဖြည်ချလိုက်ရတော့မှာလား
ကိုယ့်အနေအထားအရပြောကြည့်တာပါ ။

သက်ငြိမ်သစ်

နီဝါ

မျက်ဝန်းတစ်စုံဆီက စိမ့်ထွက်လာတဲ့
တိမ်သားမျှင်လေးတွေနဲ့စတင်တယ် ။

ဇာတ်လမ်းက
နောက်ကျောမှာထောက်ထားတဲ့
သတ္တုနှုတ်ခမ်းကို သိုဝှက်လို့

တစ်ဆောင်းလုံး
သွေးကြောပေါ် တယောဘိုလ်းကိုတင်
ဆိုညည်းခဲ့သမျှ
သူစိမ်းပြင်ပြင်နွေဦးကိုတွေ့လိုက်ရ

အခု
ရာသီဥတုတွေသံစုံမြည်တယ်
သွေးအားမကောင်းတဲ့အနမ်းတွေဟာ
ဲ့ဖေဖေါ်ဝါရီရဲ့
ရင်အုံကို ထိုးခွဲလို့ ။

သက်ငြိမ်သစ်
ချစ်သူများနေ့အမှတ်တရ

နံရံစိမ်းစိမ်း

ကျောမှီလိုက်တယ်
သူ့နာကျင်မှုဆီမီးမကူးမီ ခေါင်းကိုမော့လိုက်တယ်
လက်နှစ်ဘက်ကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်
သံဇကာကွက်တွေထဲ တအိအိကျွံဝင်နေတဲ့အရိပ်
သူ့ခြေထောက်တွေကို ကြမ်းခင်းအောက် လျှိုသွင်းလိုက်တယ်
သူ့အကြည့်ကို လိုက်ကာစတွေဆီ ဖြတ်ကူးလိုက်တဲ့အခါ
သွေးဆူလွယ်တဲ့ အသံလှိုင်းတွေဟာ ယိမ်းထိုးလို့
ဒီအတိုင်းထားလို့မရတော့ဘူး
ကြာလာရင် တစ်ခုခုဟာ တဖောင်းဖောင်းထကွဲတော့မှာ
အခုလိုမျိုး ဆွဲဆန့်ထားတဲ့အခြေအနေကို
ပိတ်ပစ်ဖို့သက်သက်
သူ့ဇီဝကို ရေဆိုးမြောင်းထဲပစ်ချလိုက်ရမလား
ကြာလာရင် တစ်ခုခုဟာ တဖောင်းဖောင်းထကွဲတော့မှာလို့
နောက်ထပ်မြည်လာတဲ့ ယဉ်ယဉ်ကျေးကျေးစကားတစ်ခွန်းနဲ့
မှန်တွေဟာ တွန့်လိမ်နေတဲ့မျက်လုံးတွေကို
အတိအကျလှောင်ပြောင်နေသလို
သူ့အာရုံကို အသားကြိတ်စက်ထဲမှာ မှုန့်နေအောင်ကြိတ်နေသလိုမျိုး
မဖြစ်သေးဘူးလို့ တားထားကြိုးတွေ
နောက်တစ်ခါ ဒီနံရံဆီကိုရောက်ရင်
နောက်တစ်ခါ နံရံအပြည့်ပိုစတာတွေကပ်ဖို့
ကျောမှီလိုက်တယ်
သူ့နာကျင်မှုဆီမီး မီးမကူးမီခေါင်းကိုမော့လိုက်တယ် ။

သက်ငြိမ်သစ်
ရတီမဂ္ဂဇင်း 2009၊နိုဝင်ဘာလ

တနင်္ဂနွေရေညှိများ

မြေကြီးကအမာရွတ်နဲ့ဆိုတော့
လမ်းကိုလင်းအောင်မထွန်းခဲ့နိုင်ဘူး
စိတ်နဲ့ခုတ်ချလိုက်တဲ့တိမ်တွေ
ရင်ဘတ်ပေါ်ရွှဲစိုလာတဲ့အခါ
အိမ်ပြန်ကြစို့သူငယ်ချင်းသီချင်းနဲ့
ယိုင်နေတဲ့မှတ်တိုင်လေးကိုငေးလို့

အနားတွေတုန်းနေတဲ့ကြယ်လို
ကိုယ်လည်းကျကွဲခဲ့ပါပြီ
အဆိပ်တက်ပြာနှမ်းနေတဲ
့လက်နှစ်ဖက်နဲ့
ညကိုကုတ်ခြစ်နေတုန်း
ကိုယ်ပဲ့ကျခဲ့တဲ့တွင်းနက်ဟာ
အလင်းတစ်ဝက်အမှောင်တစ်ဝက်

အနှစ်နှစ်ဆယ်လုံးဆင်ယူခဲ့တဲ့
ထောင်ချောက်မှာကိုယ့်ခေါင်းကိုကိုယ်လျှိုလို့
ကြွေးကျော်ဖူးတဲ့တစ်ကိုယ်ရေတစ်ကာယ
ခေါင်းမာမှုတွေနဲ့
ဘယ်စမ်းရေမှမအေးနိုင်တော့ဘူးနံရံ
ငန်ကျိနေတဲ့စိတ်ကိုကိုယ်လက်သန့်ဖို့ရာ
မေတာတရားရဲ့ဆည်းလည်းသံတချွင်ချွင်လေး
ဘယ်ဆီမှာလည်းမေမေ ။

သက်ငြိမ်သစ်
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊(၂၀၀၉)၊နိုဝင်ဘာလ)

တစ်နေ့တာ

နာရီလက်တံက ပင့်ကူအိမ်နဲ့ငြိနေတယ်
ရောင်ကိုင်းနေတဲ့နှင်းတွေ မြင်ကွင်းမှာညိုမွဲလို့
တရားထိုင်ရမလား ဓားကိုင်ရမလား
အစွဲအလန်းက သွေးအားမကောင်းတဲ့အနမ်းမှာ ခိုက်ခိုက်တုန်
လိပ်ပြာမလုံတဲ့ဂီတတွေ အရိုးထဲစိမ့်ဝင်နေပေါ့
နံရံဆီကရယ်သံတွေ စီးကျလာလေမလား
ငြီးငွေ့မှုက ပြဒါးတိုင်မှာ100ဒီဂရီဆင်တီဂရိတ်
အငွေ့ပျံတယ်
စေးထန်းထန်းအတွေးတွေ ထွေးထုတ်နေရတယ်
ဒီအချိန်
တစ်စုံတစ်ရာအော်မြည်သံမှာ
ချက်ချင်းကျကွဲတော့မယ့် စိတ္တဇနဲ့
အမျှော်တွေလမ်းမတစ်ဆုံး
ပျို့တက်လို့ ။

သက်ငြိမ်သစ်

Saturday, February 20, 2010

နီဝါ

မျက်ဝန်းတစ်စုံဆီက စိမ့်ထွက်လာတဲ့
တိမ်သားမျှင်လေးတွေနဲ့စတင်တယ် ။

ဇာတ်လမ်းက
နောက်ကျောမှာထောက်ထားတဲ့
သတ္တုနှုတ်ခမ်းကို သိုဝှက်လို့

တစ်ဆောင်းလုံး
သွေးကြောပေါ် တယောဘိုလ်းကိုတင်
ဆိုညည်းခဲ့သမျှ
သူစိမ်းပြင်ပြင်နွေဦးကိုတွေ့လိုက်ရ

အခု
ရာသီဥတုတွေသံစုံမြည်တယ်
သွေးအားမကောင်းတဲ့အနမ်းတွေဟာ
ဲ့ဖေဖေါ်ဝါရီရဲ့
ရင်အုံကို ထိုးခွဲလို့ ။

သက်ငြိမ်သစ်